မောင်ဘကြိုင်

ကဗျာတွေပျိုးနေမိသောကဗျာမဆန်သူ

ကိုယ်ချင်းစာနာခဲ့ရပြီ

အမှတ်မထင်မြင်လိုက်ရတဲ့

သူ့ရင်ထဲအမြစ်တွယ်နေတဲ့ အလွမ်းဓာတ်ခံကြောင့်

လွမ်းဖူးတဲ့ ကျွန်တော်ကိုယ်ချင်းစာမိတယ်

သူသီဆိုနေကြ ရင်ဖွင့်တေးကို

နားစွင့်မိချိန်တိုင်း ကျွန်တော်ကိုယ်ချင်းစာနာမိတယ်…..

သူလွမ်းရင်လွမ်းမိ

သူငိုရင်တနင့်နင့်ရှိုက်မိနဲ့

ကျွန်တော်က သူ့ပရိတ်သတ်စစ်စစ်ဖြစ်လို့

အဝေးရောက်သူ့အရိပ်လေးကို ရန်တွေ့လိုက်ချင်တယ်….

လက်ရှိရှေ့မတိုးနောက်မဆုတ်အခြေနေက

ကျွန်တော့်ဇတ်ဆိုတော့ ဖြတ်လျှောက်အဆင့်ပေါ့

သူ့အတွက်လွမ်းရက်တွေ ကုန်ပါစေဆုတောင်းချိန်မှာ

ကျွန်တော့်ဘယ်ဘက်ရင်ဘတ် ကျန်းမာရေးမကောင်းဖူး

မင်းသားနဲ့မင်းသမီး ဇတ်သိမ်းသာလှမယ်ဆို

ကျွန်တော့်ကိုယ်ချင်းစာတရား ဘဝအားဖြစ်ပါစေလား……….

မောင်ဘကြိုင်

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

2 Comments »

သိပ်သည်းဆများလာခြင်းကြောင့် အပူဖြင့်အသွင်ပြောင်းခဲ့သည်

သိချင်စိတ်များစွာကို မေးခွန်းလေးတစ်ခုအဖြစ်တောင်

မွေးဖွားခွင့်မပြုခဲ့ဖူး

နောက်တနေ့ပြန်အတွေ့မှာ ပြုံးမပြမှာစိုးလို့

အမှားရှိရင်တော့ ခွင့်လွှတ်ပါ……

 

သူလျှောက်မယ့်လမ်းတိုင်း သာသာယာယာ

ချောချောမွေ့မွေ့ဖြစ်စေဖို့

ရွှေမှုန် ငွေမှုန်ကြဲပေးချင်တယ်

အခုတော့ ဝင်သက်ထွက်သက်ကလေး မှန်နေဖို့

အရာရာကို မသိကျိုးကျွံပြု

ဘယ်ဘက်ရင်ဘတ်တခြမ်းက ခပ်မာမာမို့

 

ဝေ့သီဝဲတက်လာတဲ့ အရည်ကြည်တစုက

အမှုန်အမွှားတွေကို ရိုးစွပ်လို ရိုးစွပ်

မျက်တောင်တချက်နှစ်ချက်အခတ်မှာတော့

ဘာပြသာနာမှမရှိပါဖူးလေ……

 

အိပ်မက်တွေနဲ့ နှလုံးသားအလိုကိုက

သူမှသူဆိုတော့ တောက်တစ်ချက် ခပ်ဆတ်ဆတ်လေးခေါက်

ဘယ်သူ့ကိုစိတ်ဆိုးရပါ့

စကားလုံးတွေရှားပါးကုန်ပြီ

အဖွဲ့အနွဲ့တွေလဲထပ်နေပြီ

ရင်ဘတ်တစ်ခုလုံး ဆွေးမြေ့နေပြီး

မောပန်းနွမ်းနယ်လွန်းပါပြီလေ……..

 

 

 

မောင်ဘကြိုင်

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

No Comments »

ရွှေမြန်ပြည်နှင့်အတူ တည်စေ…

နဒီသွယ်မေခ မလိခ ပေါင်းစုံယှက်ဖြာ

မြစ်မင်းဧရာ ဖြစ်တည်လာ
သွေးကချင်မြေမှ အစပြုဘိ
အောက်ပြည်အောက်ရွာ မျိုးဇာတိသားတို့
အားကိုးပြုရာ မြစ်မင်းဧရာ
ပြည်သက်သွေးအဖြစ် အသုံးတော်ခံ
တာဝန်ကျေဟန် ဖွဲ့မကုန်ရှိချေ့တော့
အို…အဆွေတို့
ပြည့်သွေးကြော ပြည့်ဆန်အိုး 
ဖန်တီးရှင်ဧရာရှင်အရေး 
မနှောင့်နှေးပဲ ဝိုင်းဝန်းကြင်နာ
ပြုဘိသမို့ မျက်နှာမလွှဲကြစေချင်……
မနောမြေမှ တိုင်းစစ်ကိုင်း
မန်းရွှေပြည်နှင့် မကွေးခရိုင်အကျိုးမြိုင်
ပဲခူးသာမောသို့ချီ
အဆုံးသတ်ရာ ဧရာဝတီကျွန်းသာတိုင်အောင်
မှီခိုရာပြည်သား အကျိုးများ
ဘိုးဘေးထက်မှ မြေးမြစ်သို့တိုင်
ဘဝခိုင်ဖို့ မြစ်မင်းဧရာ ကျေပွန်ရှာ…
ဆပ်မကုန်ကျေးဇူးဂုဏ်ကို မျက်ကွယ်ပြု
ဖျက်ဆီးကြံရွယ် ပြုဘိသူတို့ သတိချပ်
အတွေးထပ်ထပ် ဆန်းစစ်စေလိုတော့…
သဘာဝအမွေကို တန်ဖိုးထား
ငဲ့ငြား၍ ရှောင်ရှားလက်ခွာ ပြုသင့်သည်မှာ
ပြည်ချစ်သူတို့ စိတ်ဓာတ်တည်းဟု
ကလောင်လက်စွဲ တိုက်ပွဲရယ်ဝင်
ကဗျာစီသည် မြစ်မင်းဧရာ အေးချမ်းသာစေ
မြန်ပြည်နှင့်အတူ တည်ပါစေဟု
ငါတို့ဆုချွေအံ့………

ဧရာဝတီမြစ်ရေစီမံကိန်းကို ဤစာကဗျာဖြင့်
ကန့်ကွက်ပါသည်။ 

မောင်ဘကြိုင်

၂၁ . ၉ .၂၀၁၁

မနက် ၁၀း ၀၀

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

No Comments »

သောကဖြစ်စဉ်(၁)

တစ်….နှစ်….သုံး….
သိတတ်စအရွယ်ကတည်းက
ဘဝဟာဂွကျကျ
တစ်ကနေနှစ်ဖြစ်ချင်လွန်းသူ
မပိုင်တာတွေကိုခုံမင်ရင်း
ဆယ့်ငါးကျော်သက်မှာ
ကိုယ်ထူကိုယ်ထလိုက်ကာထဖွင့်
ကိန်းဂဏန်းအကူးအပြောင်းတွေမှာ
ပြုံးတလှည့် မဲ့တစ်ခါ သရုပ်ဆောင်ခဲ့ရ….
ဝေဖန်ဆန်းစစ်မှုအောက်
ကိုယ့်ကိုကိုယ်သရုပ်ဆောင်အကယ်ဒမီပေး
ခြောက်တိခြောက်ချက် လက်ခုပ်သံကြား
အတုအစစ်မကွဲပြားပဲ
ဘာလိုလိုနဲ့ မိုးလင်းခါနီး ဇတ်သိမ်းဖို့ပြင်ရင်း
မစို့မပို့ မက်စရာလေးနဲ့
လောဘအမီးပွားတွေအောက်
ခဏခဏမျက်နှာပြန်သစ်သစ်နေရ
အစွန်းမရောက်ဖို့ အစွန်းအနားနှစ်ဖက်ရှောင်ရှားရင်း
စံနှုန်းထားရာအရပ်မှာ လဲလဲကျ
ဆွဲမပြီးတဲ့ ပုံသေကားချပ် တန်ဖိုးမဲ့လွန်းတော့
သောင်းပြောင်းထွေလာ အတင်းဖျင်းတွေကြားမှာ
ရေစုန်မျော သရုပ်ပျက်ဇတ်နာက မလှမပ
သင်ကြားမှုသင်ယူမှု အတုအပအရောအနှော
ဘဝသင်္ချာပုစ္ဆာဆိုးတွေ အဖြေမရှိအဖြစ်နဲ့
ထူးထူးဆန်းဆန်းဖြစ်တည်
တွက်ချက်မှုတွေအောက်မှာ မျက်နှာငယ်နေတဲ့
ချစ်ခြင်းမေတ္တာတရား
အခုတလောရေပန်းစားနေတာက
“တူနှစ်ကိုယ်တဲအိုပျက်” ဟာသဇတ်ကား
ဟန်ကိုယ်ဖို့ အရောင်တင်မှုန့်နဲ့
ကင်းလွတ်ခွင့်အမှတ် ၅၂၈ညှိစွန်းမှု
အရွေးချယ်ခံ စာရင်းထဲက အပိုလူ
ပရိတ်သတ်ခပ်သောသောရယ်ကြတဲ့ ဇတ်ကွက်
မန်ယူလဲအရှုံးတွေ့တတ်တာမို့
ရင်ဘတ်အောင့်လို့ ဆေးကြိတ်စားခဲ့ရတယ်……..။။
မောင်ဘကြိုင်

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

No Comments »

ရွှေမန်းဆောင်းည

တိမ်ခိုးတိမ်လွှာရယ်ကင်း လသီတင်းကျော်တော့

ရာသီလီပြောင်း ဆောင်းလေဦးသော့ရွှင်ရွှင်

နှင်းနုရည်သွန်း ဝန်းကျင်ဝယ် ခိုးလှိုက်လှိုက်အုံ

မြင်ကွင်းကယ်မှုန်မှုန်နှင့် အေးစိမ့်အောင်ချမ်းလိုက်ပုံများ

စာချိုးသူခိုက်ခိုက်တုန် ရှေးဘွဲ့ရှင် ဖွဲ့မှန် လိုက်လေခြင်း

မေးရိုက်သံဂတ်ဂတ်ကဝန်ခံ

မန်းဆောင်းဦးညကယ်နှင့်

နိုးမနက်မှာ ကိုယ်သန့်ရေအသုံး ဆွေ့ဆွေ့ခုန် သွေးနွေးရတယ်

တပြည်သားဒီမောင့်နှယ် ကျတာဝန်ပြည့်ခါတော့

နေ့မကူးအပြေးသော့မယ် ရပ်ဟောင်း ရွာဟောင်း

ဗိန်းမေါင်းသံလောင်းလိုက်ပါတော့လေး………

ခင်ကညာ ဆွေသဟာတို့ နွေးအောင်ဆောင်စမ်း

အညာစောင်ကြမ်းနဲ့ ဂွမ်းအိပ်ရာထူထူ

အညာရာသီ ကြမ်းခါမှာ ဒါမှအရိုးမကွဲမို့ ဆောင်စမ်းတော့ စောင်ကြမ်း

သို့ဂလိုကြောင့် အထင်မသေးစေချင့် တို့များရွှေဂုန်ရာသီညီ

ယှဉ်တွဲတွေးမှားပေမည့် မန်းဆောင်းရာသီ

ကြောက်မိသူ တရွာသားအဖြစ်ကား

ရွှေမန်းသူပျိုဖြူများ လက်တို့ရယ်မောကြလေတကား……

မောင်ဘကြိုင်

(မန်းဆောင်းတညခံစားချက်)

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

No Comments »

ကန့်လန့်ကာနောက်ကွယ်ဝယ်

ကဲပြောကြစတမ်းဆို

တစ်ကနေစဖို့ အားလုံးအတူတူပဲမဟုတ်လား

အထင်ကရနဲ့ မထင်ရှားသူတွေကြားမှာ

ကွာဟမှုက ဖဲတစ်ချပ်စာဆိုတော့

သံသရာနဲ့ချီရင် အားလုံးကရေမျောကမ်းတင်

ရိုးရိုးလေးမြင်နေတာကိုက ခပ်ပါးပါးလေး

အရောင်ညစ်ညစ်တွေ စုတ်ချက်တင်ထားတဲ့

အယောင်ဆောင်ခန်းဆီးစ

ဖြတ်ပြောရအုံးမယ်

ငါ့ကဗျာမှာ အတုအပကင်းတယ်

လက်စသတ်အဆုံးထိဖတ်ဖို့ ရဲရဲအာမခံတယ်

မာန်ဝင့်မှုတွေကြားမှာ အနုပညာလည်း ခပ်ကြမ်းကြမ်းဆိုတော့

စိတ်နုတဲ့ လူကြမ်းကြီးက သက်မခပ်ဖွဖွချမိတယ်

လက်တလုံးခြား ဥပဒေနဲ့ စက်ကွင်းလွတ် သူခိုးတွေသောင်းကျန်းချိန်မှာ

ငါမြတ်နိုးရာ စာပေပန်းခင်းကော ဖြူစင်ရိုးသားရဲ့လား

ကြိုက်တဲ့နေရာဆီ ရှဲလိုက်ပါ

No Comments »

« 1 2 3 4 5 6 7 8 9 »
Info